YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:22-39

ရှင်လုကာ 8:22-39 JBMLE

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။- အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ ဂါ​လိ​လဲ​ပြည်​နှင့် အိုင်​တစ်​ဖက်​ဖြစ်​သော ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊- ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။- ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။- လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။- ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊- အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။ ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော​ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။ ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု နတ်​ဆိုး​တို့​သည် တောင်း​ပန်​ပြန်​လျှင် အ​ခွင့်​ပေး​တော်​မူ၏။- နတ်​ဆိုး​တို့​သည် လူ​မှ​ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း ပြေး​ဆင်း၍ အ​သက်​ဆုံး​ကြ၏။- ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊- လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- နတ်​ဆိုး​စွဲ​သော​သူ​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကျန်း​မာ​ပ​က​တိ​ရှိ​သည်​ကို သိ​မြင်​သော​သူ​တို့​သည် နောက်​လာ​သော​သူ​တို့​အား ပြန်​ကြား​ပြီး​မှ၊- ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် ကိုယ်​တော်​နှင့် အ​တူ​ရှိ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လျှင်၊- ယေ​ရှု​က၊ သင်​သည် ကိုယ်​အိမ်​သို့​ပြန်​သွား​လော့။ ဘု​ရား​သ​ခင်​သည် သင်၌​အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ကြား​ပြော​လော့​ဟူ၍ လွှတ်​လိုက်​တော်​မူ​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု​သည် အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို တစ်​မြို့​လုံး​တွင် အ​နှံ့​အ​ပြား သ​တင်း​ကြား​ပြော​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။