YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:18-35

ရှင်လုကာ 7:18-35 JBMLE

ယော​ဟန်၏ တ​ပည့်​တို့​သည် ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မိ​မိ​ဆ​ရာ​အား ကြား​ပြော​ကြ၏။- ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ယေ​ရှု​ထံ​တော်​သို့​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ​မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ​ခြင်း​ငှာ၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​ပါ​ပြီ​ဟု လျှောက်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။- ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ကြား​ရ​ကြ၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။ ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို​ဆို​လို​သ​တည်း။- ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။- အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။ ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။- ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။- လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။- သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။