YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:1-17

ရှင်လုကာ 7:1-17 JBMLE

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည် ပ​ရိသတ်​တို့​အား အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ၏။- ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊- ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊ ယု​ဒ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​သ​ဖြ​င့်၊ ကိုယ်​တော်​သည်​ကြွ၍ ထို​ကျွန်​ကို ချမ်း​သာ​ပေး​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။- ထို​သူ​တို့​သည် ယေ​ရှု​ထံ​တော်​သို့​ရောက်​လျှင်၊ ကျေး​ဇူး​တော်​ကို ခံ​မည့်​သူ​သည် ခံ​ထိုက်​သော​သူ​ဖြစ်​ပါ၏။- သူ​သည် အ​ကျွန်ုပ်​တို့​အ​မျိုး​ကို နှစ်​သက်၍ အ​ကျွန်ုပ်​တို့​အ​ဖို့ တ​ရား​ဇ​ရပ်​ကို ဆောက်​ပါ​ပြီ​ဟူ၍ ကျပ်​ကျပ်​တောင်း​ပန်​ကြ၏။- ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။- ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​တော်​မူ​လျှင် အံ့​ဩ​ခြင်း​ရှိ၍ နောက်​တော်​သို့​လိုက်​သော​သူ​များ​ကို လှည့်​ကြည့်​လျက်၊ ငါ​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး​ဟု မိန့်​တော်​မူ၏။- တပ်​မှူး​စေ​လွှတ်​သော သူ​တို့​သည် အိမ်​သို့ ပြန်​ရောက်​လျှင်၊ အ​နာ​ရာ​ဂါ​စွဲ​သော ကျွန်​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။ နက်​ဖြန်​နေ့၌ နာ​ဣ​န​မြို့​သို့ ကြွ​တော်​မူ၍၊ တ​ပည့်​တော်​များ​နှင့် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။- မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။- သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊- ကိုယ်​တော်​က​လည်း၊ အ​ချင်း​လု​လင်၊ ထ​လော့၊ သင့်​အား ငါ​အ​မိန့်​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊- သေ​သော​သူ​သည် ထိုင်၍​စ​ကား​ပြော၏၊ ကိုယ်​တော်​သည်​လည်း ထို​သူ​ကို မိ​ခင်​အား အပ်​ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။- ထို​သ​တင်း​တော်​သည် ယု​ဒ​ပြည်​မှ​စ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။