YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:27-36

ရှင်လုကာ 6:27-36 JBMLE

ငါ့​စ​ကား​ကို​ကြား​ရ​သော သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့၏ ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။- သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။- အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။- သင်​တို့​သည် ကိုယ်၌​သူ​တစ်​ပါး ပြု​စေ​လို​သည်​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။- သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကိုယ်​ကို​ချစ်​သော​သူ​တို့​အား ချစ်​တုံ့​ပြု​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ကို ကျေး​ဇူး​ပြု​သော​သူ​တို့​အား​သာ ကျေး​ဇူး​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော သူ​တို့​သည် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော့။- သူ​တစ်​ပါး​အား ဥ​စ္စာ​ချေး​ငှား​သော​အ​ခါ ဆပ်​ပေး​လိမ့်​မည်​ဟု မျှော်​လင့်​လျက် ချေး​ငှား​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကျေး​ဇူး​ဆပ်​ခြင်း​ကို ခံ​လို၍ ဆိုး​သော​သူ​ချင်း​တို့​အား ချေး​ငှား​တတ်​သည် မ​ဟုတ်​လော။- သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။- ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။