YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:20-36

ရှင်လုကာ 6:20-36 JBMLE

ထို​အ​ခါ ကိုယ်​တော်​သည်​မျှော်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင်၊ ဆင်း​ရဲ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​နိုင်​ငံ​ဖြစ်၏။- ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊- ပယ်​ရှား​နှင်​ထုတ်၍ ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ပြု​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ထို​ကာ​လ၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ ရွှင်​မြူး​သော​စိတ်​နှင့် ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သူ​တို့၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။- တစ်​နည်း​ကား၊ ငွေ​ရ​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​မိ​သက်​သာ​ခြင်း​ကို ယ​ခု​ခံ​ရ​ကြ၏။- ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။- လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။ ငါ့​စ​ကား​ကို​ကြား​ရ​သော သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့၏ ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။- သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။- အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။- သင်​တို့​သည် ကိုယ်၌​သူ​တစ်​ပါး ပြု​စေ​လို​သည်​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။- သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကိုယ်​ကို​ချစ်​သော​သူ​တို့​အား ချစ်​တုံ့​ပြု​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ကို ကျေး​ဇူး​ပြု​သော​သူ​တို့​အား​သာ ကျေး​ဇူး​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော သူ​တို့​သည် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော့။- သူ​တစ်​ပါး​အား ဥ​စ္စာ​ချေး​ငှား​သော​အ​ခါ ဆပ်​ပေး​လိမ့်​မည်​ဟု မျှော်​လင့်​လျက် ချေး​ငှား​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကျေး​ဇူး​ဆပ်​ခြင်း​ကို ခံ​လို၍ ဆိုး​သော​သူ​ချင်း​တို့​အား ချေး​ငှား​တတ်​သည် မ​ဟုတ်​လော။- သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။- ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။