YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:20-26

ရှင်လုကာ 6:20-26 JBMLE

ထို​အ​ခါ ကိုယ်​တော်​သည်​မျှော်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင်၊ ဆင်း​ရဲ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​နိုင်​ငံ​ဖြစ်၏။- ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊- ပယ်​ရှား​နှင်​ထုတ်၍ ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ပြု​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ထို​ကာ​လ၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ ရွှင်​မြူး​သော​စိတ်​နှင့် ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သူ​တို့၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။- တစ်​နည်း​ကား၊ ငွေ​ရ​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​မိ​သက်​သာ​ခြင်း​ကို ယ​ခု​ခံ​ရ​ကြ၏။- ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။- လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။