YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:1-11

ရှင်လုကာ 6:1-11 JBMLE

ဒု​တိ​ယ​ဧ​က​ဒက်​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို​ဆွတ်၍ လက်​နှင့် ပွတ်​နယ်​စား​ကြ၏။- ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သင်​တို့​သည် အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း​ဟု ဆို​ကြ​သော်၊- ယေ​ရှု​က၊ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို ယူ​စား၍၊ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို​မျှ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။- ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိသတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊- ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- ထို​သူ​များ​တို့​သည် ဒေါ​သ​စိတ်​နှင့်​ယစ်​မူး၍ ယေ​ရှု​အား အ​ဘယ်​သို့​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ကြ၏။