YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:5-11

ရှင်လုကာ 5:5-11 JBMLE

ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။ ထို​သို့​ချ​ကြ​ပြီး​လျှင်၊ အ​လွန်​များ​စွာ​သော ငါး​တို့​ကို အုပ်​မိ​သ​ဖြင့် ပိုက်​ကွန်​သည် စုတ်​ပြတ်​စ​ရှိ၏။- အ​ခြား​သော လှေ​တစ်​စင်း၌​ရှိ​သော အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍​ကူ​ညီ​စေ​ခြင်း​ငှာ သူ​တို့​ကို အ​မှတ်​ပေး​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ လှေ​နှစ်​စင်း နစ်​လု​မ​တတ် ငါး​နှင့် ပြည့်​စေ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ လျှောက်​သ​နည်း ဟူ​မူ​ကား၊ အုပ်​မိ​သော​ငါး​များ​ကို ထောက်​သ​ဖြင့်၊ ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​မှ​စ၍ ရှိ​မုန်​နှင့် ပါ​သ​မျှ​သော​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။

စပ်ဆိုင်သော ဗီဒီယိုများ