YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:17-39

ရှင်လုကာ 5:17-39 JBMLE

တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။- ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို အိပ်​ရာ​နှင့်​တ​ကွ အ​ထံ​တော်သို့​ဆောင်​ခဲ့၍၊ ရှေ့​တော်​၌ သွင်း​ထား​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ဝင်​စ​ရာ​လမ်း​ကို မ​တွေ့​သ​ဖြင့်၊ အိမ်​မိုး​ပေါ်​သို့​တက်၍ အုတ်​မိုး​ကို ဖောက်​ပြီး​မှ လူ​နာ​ကို အိပ်​ရာနှင့်​တ​ကွ လူ​များ​အ​လည် ယေ​ရှု၏​ရှေ့​တော်​သို့ လျှော့​ချ​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင်၊ လူ​နာ​အား၊ အ​ချင်း​လူ၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို​သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း လူ​အ​များ​ရှေ့​မှာ ချက်​ချင်း​ထ၍ အိပ်​ရာကို​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​သွား​လေ၏။- ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။ ထို​နောက်​ကိုယ်​တော်​သည် ထွက်​ကြွ၍ လေ​ဝိ​အ​မည်​ရှိ​သော အ​ခွန်​ခံ​သူ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို​မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်​လျက် ထ၍ နောက်​တော်​သို့​လိုက်​လေ၏။- ထို​နောက်​မှ​လေ​ဝိ​သည် ကိုယ်​တော်​အ​ဖို့​အ​လို့​ငှာ မိ​မိ​အိမ်၌ ကြီး​စွာ​သော​ပွဲ​ကို​ခံ၍၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။- ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။ လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​ကို အ​စာ​ရှောင်​စေ​နိုင်​သ​လော။- မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် အ​ထည်​သစ်​သည် ဆွဲ​ဆုတ်​တတ်၏။ ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​နှင့် မ​သင့်​မ​တင့်​တတ်။- ၎င်း​နည်း၊ ဟောင်း​သော​သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည်​ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။- အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်၊ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး။- ဟောင်း​သော​စ​ပျစ်​ရည်​ကို သောက်​ပြီး​သော သူ​သည်​လည်း အ​သစ်​သော​စ​ပျစ်​ရည်​ကို ချက်​ချင်း အ​လို​မ​ရှိ​တတ်။ ဟောင်း​သော​စ​ပျစ်​ရည် သာ၍​ကောင်း​သည်​ကို သိ၏​ဟု မိန့်​တော်​မူ၏။

​ရှင်လုကာ 5:17-39 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။