YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:17-26

ရှင်လုကာ 5:17-26 JBMLE

တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။- ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို အိပ်​ရာ​နှင့်​တ​ကွ အ​ထံ​တော်သို့​ဆောင်​ခဲ့၍၊ ရှေ့​တော်​၌ သွင်း​ထား​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ဝင်​စ​ရာ​လမ်း​ကို မ​တွေ့​သ​ဖြင့်၊ အိမ်​မိုး​ပေါ်​သို့​တက်၍ အုတ်​မိုး​ကို ဖောက်​ပြီး​မှ လူ​နာ​ကို အိပ်​ရာနှင့်​တ​ကွ လူ​များ​အ​လည် ယေ​ရှု၏​ရှေ့​တော်​သို့ လျှော့​ချ​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင်၊ လူ​နာ​အား၊ အ​ချင်း​လူ၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို​သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း လူ​အ​များ​ရှေ့​မှာ ချက်​ချင်း​ထ၍ အိပ်​ရာကို​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​သွား​လေ၏။- ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

​ရှင်လုကာ 5:17-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။