YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:17-20

ရှင်လုကာ 5:17-20 JBMLE

တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။- ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို အိပ်​ရာ​နှင့်​တ​ကွ အ​ထံ​တော်သို့​ဆောင်​ခဲ့၍၊ ရှေ့​တော်​၌ သွင်း​ထား​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ဝင်​စ​ရာ​လမ်း​ကို မ​တွေ့​သ​ဖြင့်၊ အိမ်​မိုး​ပေါ်​သို့​တက်၍ အုတ်​မိုး​ကို ဖောက်​ပြီး​မှ လူ​နာ​ကို အိပ်​ရာနှင့်​တ​ကွ လူ​များ​အ​လည် ယေ​ရှု၏​ရှေ့​တော်​သို့ လျှော့​ချ​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင်၊ လူ​နာ​အား၊ အ​ချင်း​လူ၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။

​ရှင်လုကာ 5:17-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။