YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:12-16

ရှင်လုကာ 5:12-16 JBMLE

ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။- ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။- သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။- ကိုယ်​တော်​သည် တော​အ​ရပ်​သို့​ကြွ၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ၏။

​ရှင်လုကာ 5:12-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။