YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:31-44

ရှင်လုကာ 4:31-44 JBMLE

ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- အာ​ဏာ​နှင့် ဟော​တော်​မူ​သော​ကြောင့် ပ​ရိသတ်​တို့​သည် ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​ကြ၏။- ထို​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ်​ဆိုး စွဲ​သော​သူ​တစ်​ယောက် ရှိ၍၊- ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်​ကြော်​လေ၏။- ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။- လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​စ​ကား​သည် အ​ဘယ်​သို့​သော​စ​ကား​နည်း၊ ညစ်​ညူး​သော​နတ်​တို့​ကို အာ​ဏာ​တန်​ခိုး​နှင့် မှာ​ထား၍ သူ​တို့​သည် ထွက်​သွား​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- သ​တင်း​တော်​သည်​လည်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ နှံ့​ပြား​ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။ နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။ မိုး​လင်း​သော​အ​ခါ တော​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ၍၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ၏၊ အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​နေ​ရာ​မှ ထွက်​ကြွ​တော်​မ​မူ​မည်​အ​ကြောင်း ဆီး​တား​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ခြား​သော​မြို့​ရွာ​တို့၌ ငါ​ဟော​ပြော​ရ​မည်။- ထို​သို့​အ​လို့​ငှာ ငါ့​ကို​စေ​လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်​မှာ တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​ပြော​လျက် နေ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။