YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:14-30

ရှင်လုကာ 4:14-30 JBMLE

ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊- လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ၏။ ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။- ဇ​ရပ်​စောင့်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ပေး​သည်​ဖြစ်၍၊ ကျမ်း​စာ​ကို​ဖွင့်​တော်​မူ​လျှင် တွေ့​သော​အ​ချက်​စ​ကား ဟူ​မူ​ကား၊- ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ မင်္ဂ​လာ​နှစ်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။- ကျမ်း​စာ​ကို​လိပ်၍ ဇ​ရပ်​စောင့်​အား​ပေး​ပြီး​မှ ထိုင်​တော်​မူ၏။ ဇ​ရပ်၌​ရှိ​သော သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စေ့​စေ့​ကြည့်​လျက်​နေ​ကြ၏။ ယေ​ရှု​က​လည်း၊ ယ​နေ့​ပင် ဤ​ကျမ်း​စာ​ချက်​သည် သင်​တို့​ကြား​သည်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊- အ​ဘယ်​ပ​ရော​ဖက်​မျှ မိ​မိ​နေ​ရင်း​မြို့၌ မျက်​နှာ​မ​ရ​တတ်။- ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။- သို့​သော်​လည်း၊ ထို​မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့​မျှ ဧ​လိ​ယ​ကို စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုန်​ပြည် ဇ​ရ​တ္တ​မြို့​သူ​ဖြစ်​သော မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ၏။- ပ​ရော​ဖက်​ဧ​လိ​ရှဲ လက်​ထက်​တွင်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ နူ​နာ​စွဲ​သော​သူ အ​များ​ရှိ​ကြ၏။ သို့​သော်​လည်း၊ နေ​မန်​အ​မည်​ရှိ​သော ရှု​ရိ​လူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သန့်​ရှင်း​ခြင်း​သို့​မ​ရောက်​ဟု မိန့်​တော်​မူ၏။- တ​ရား​ဇ​ရပ်၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ထို​စ​ကား​တော်​ကို ကြား​သော​အ​ခါ ပြင်း​စွာ အ​မျက်​ထွက်​သည်​နှင့်၊- ထ၍ ကိုယ်​တော်​ကို​မြို့​ပြင်​သို့ နှင်​ထုတ်​ပြီး​လျှင်၊ ထို​မြို့​တည်​ရာ တောင်​ထိပ်​စွန်း​အ​ငူ​မှ ဇောက်​ထိုး​တွန်း​ချ​ခြင်း​ငှာ ဆောင်​သွား​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​အ​လယ်၌ လျှောက်၍ ကြွ​သွား​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။