YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:1-13

ရှင်လုကာ 4:1-13 JBMLE

ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ ယော်​ဒန်​မြစ်​နား​မှ ပြန်​စဉ်​တွင် ဝိ​ညာဉ်​တော်​သည် တော​သို့ ပို့​ဆောင်​တော်​မူ၏။- အ​ရက်​လေး​ဆယ်​ပတ်​လုံး မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ ထို​ကာ​လ​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​တော်​မ​မူ။ ထို​ကာ​လ​လွန်​ပြီး​မှ မွတ်​သိပ်​တော်​မူ၏။- မာရ်​နတ်​က​လည်း၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​ကို မုန့်​ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို မွေး​ရ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ၌​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်၏ အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- ကျမ်း​စာ​လာ​သည်​ကား၊ သင့်​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊- သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ဤ​အ​ထွတ်​မှ ကိုယ်​ကို အောက်​သို့ ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စ​ကား​ရှိ​သည်​ဟု ပြန်​ပြော​တော်​မူ၏။- ထို​သို့​မာရ်​နတ်​သည် စုံ​စမ်း​သွေး​ဆောင်​ခြင်း​အ​မှု အ​လုံး​စုံ​ကို အ​ကုန်​အ​စင်​ပြု​ပြီး​လျှင်၊ အ​ထံ​တော်​မှ ထွက်​သွား၍ ကာ​လ​အ​တန်​အ​ရာ နေ​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။