YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 3:8-14

ရှင်လုကာ 3:8-14 JBMLE

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။- သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည် ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ​သည်​ဟု ဟော​ပြော​လေ၏။- လူ​အ​စု​အ​ဝေး​က​လည်း၊ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ယော​ဟန်​က၊ အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် အင်္ကျီ​မ​ရှိ​သော​သူ​အား မျှ​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ​ဟု ပြန်​ပြော၏။- အ​ခွန်​ခံ​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လာ၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- သင်​တို့​သ​ခင်​သည် ခွဲ​ဝေ​စီ​မံ​သည်​ထက်​သာ၍ မ​ခွဲ​မ​ခံ​ကြ​နှင့်​ဟု ပြန်​ပြော၏။- စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။