YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 3:3-6

ရှင်လုကာ 3:3-6 JBMLE

ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌​လာ​သည်​ကား၊ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။- လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ​ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော​လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။- လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မြင်​ရ​ကြ​လ​တ္တံ့​ဟု လာ​သည်​နှင့်​အ​ညီ၊ ယော​ဟန်​သည် ယော်​ဒန်​မြစ်​နား၌ အ​နှံ့​အ​ပြား​လှည့်​လည်၍ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လေ၏။