YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 3:15-18

ရှင်လုကာ 3:15-18 JBMLE

လူ​များ​တို့​သည် မျှော်​လင့်၍၊ ယော​ဟန်​သည် ခ​ရစ်​တော်​မှန်​သည် မ​မှန်​သည်​ကို နှ​လုံး​ထဲ​မှာ တွေး​တော​ဆင်​ခြင်​ကြ​စဉ်၊- ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။- လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။- အ​ခြား​သော​စ​ကား​များ​နှင့် ဆုံး​မ​သွေး​ဆောင်၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော​လေ၏။