YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:44-53

ရှင်လုကာ 24:44-53 JBMLE

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊- ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။- ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။- သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။- ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။ ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။- ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ပြီး​မှ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။- ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ဗိ​မာန်​တော်​သို့ ရောက်​မြဲ​ရောက်​ကြ၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး၏။