YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:13-49

ရှင်လုကာ 23:13-49 JBMLE

တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊ ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။- ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။- ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။ လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။- ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။- သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊- လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။- ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊- ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။ ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- နောက်​တော်၌ လိုက်​သော​လူ​များ​အ​ပေါင်း​တို့​တွင်၊ ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​သော မိန်း​မ​အ​ချို့​ပါ၏။- ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ မြုံ​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ ပ​ဋိ​သ​န္ဓေ​မ​ယူ​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော သား​မြတ်​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ရ​သော​နေ့​ရက်​ကာ​လ ရောက်​လိမ့်​မည်။- ထို​အ​ခါ သူ​တို့​က၊ အို တောင်​များ​တို့၊ ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ လူ​ဆိုး​နှစ်​ယောက်​တို့​ကို​လည်း သတ်​အံ့​သော​ငှာ ထုတ်​သွား​ကြ၏။ က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။- စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊- သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။ ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။- နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။- ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။- ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။- ထို​အ​မှု​ကို အ​ကြည့်​အ​ရှု​လာ​သော​သူ အ​ပေါင်း​တို့​သည် ထို​အ​ခြင်း​အ​ရာ​များ​ကို​မြင်​လျှင်၊ ရင်​ပတ်​ကို​ခတ်၍ ပြန်​သွား​ကြ၏။- ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။