YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:66-71

ရှင်လုကာ 22:66-71 JBMLE

မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊- သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။- ငါ​မေး​လျှင်​လည်း သင်​တို့​သည် မ​ဖြေ​ဘဲ၊ ငါ့​ကို မ​လွှတ်​ဘဲ​နေ​ကြ​လိမ့်​မည်။- နောက်၌ လူ​သား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​လက်​ယာ​ဘက်၌ ထိုင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ​သော်၊- ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အ​ဘယ်​သက်​သေ လို​သေး​သ​နည်း။ သူ၏​စ​ကား​ကို ငါ​တို့​ကိုယ်​တိုင် ကြား​ရ​ပြီ​ဟု ဆို​ကြ၏။