YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:60-71

ရှင်လုကာ 22:60-71 JBMLE

ပေ​တ​ရု​က၊ အ​ချင်း​လူ၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု​ဆို၏။ ထို​စ​ကား​ကို​ပြော​သော ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊- ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။ ယေ​ရှု​ကို ကိုင်​ဆွဲ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု၍ ရိုက်​ပုတ်​ကြ၏။- မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​နှင့်​ပုတ်​လျက်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု​ဆို​ကြ၏။- အ​ခြား​သော​စ​ကား​များ​ဖြင့်​လည်း ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ပြော​ဆို​ကြ​သေး၏။ မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊- သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။- ငါ​မေး​လျှင်​လည်း သင်​တို့​သည် မ​ဖြေ​ဘဲ၊ ငါ့​ကို မ​လွှတ်​ဘဲ​နေ​ကြ​လိမ့်​မည်။- နောက်၌ လူ​သား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​လက်​ယာ​ဘက်၌ ထိုင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ​သော်၊- ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အ​ဘယ်​သက်​သေ လို​သေး​သ​နည်း။ သူ၏​စ​ကား​ကို ငါ​တို့​ကိုယ်​တိုင် ကြား​ရ​ပြီ​ဟု ဆို​ကြ၏။

​ရှင်လုကာ 22:60-71 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။