YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:54-62

ရှင်လုကာ 22:54-62 JBMLE

ထို​သူ​တို့​သည် ကိုယ်​တော်​ကို ဖမ်း​ဆီး၍ ယဇ်​ပု​ရော​ဟိတ်​မင်း၏​အိမ်​သို့ ဆောင်​သွား​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့် ဝေး​စွာ​လိုက်​လေ၏။- အိမ်​ဦး​အ​လယ်၌ မီး​မွေး​ပြီး​မှ၊ လူ​များ​တို့​သည် စု​ဝေး၍ ထိုင်​ကြ​လျှင်၊ ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ထဲ၌ ထိုင်​နေ၏။- ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။- ထို​နောက် များ​မ​ကြာ အ​ခြား​သော​သူ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ သင်​သည်​လည်း ထို​သူ​တို့​အ​ဝင်​ဖြစ်​သည်​ဟု​ဆို​သော်၊ ပေ​တ​ရု​က၊ အ​ချင်း​လူ၊ ငါ​သည် သူ​တို့ အ​ဝင်​မ​ဟုတ်​ဟု ဆို၏။- တစ်​ဖန် တစ်​နာ​ရီ​လောက်​ကြာ​ပြီး​မှ အ​ခြား​သော​သူ​က၊ အ​ကယ်​စင်​စစ် ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်၏။ ဂါ​လိ​လဲ​လူ​လည်း ဖြစ်၏​ဟု ခိုင်​မာ​စွာ​ဆို​လျှင်၊- ပေ​တ​ရု​က၊ အ​ချင်း​လူ၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု​ဆို၏။ ထို​စ​ကား​ကို​ပြော​သော ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊- ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။