YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:39-46

ရှင်လုကာ 22:39-46 JBMLE

ထို​နောက် အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​သို့ ထွက်​ကြွ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ​ပြီး​မှ၊- တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊- အို အ​ဘ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။- ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။- ထို​သို့ ဆု​တောင်း​ပြီး​မှ၊ ယေ​ရှု​သည်​ထ၍ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​သော​အ​ခါ၊ သူ​တို့​သည် ဝမ်း​နည်း​သော​စိတ်​ရှိ​သည်​နှင့် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သင်​တို့​သည် အ​ဘယ်​ကြောင့် အိပ်​ပျော်​ကြ​သ​နည်း။ ထ​ကြ။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။