YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:31-34

ရှင်လုကာ 22:31-34 JBMLE

တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊- သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊- သ​ခင်​ဘု​ရား​က၊ ပေ​တ​ရု၊ ငါ​ဆို​သည်​ကား၊ ယ​နေ့​တွင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​မြောက်​အောင် ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။