YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:24-30

ရှင်လုကာ 22:24-30 JBMLE

ထို​မှ​တစ်​ပါး တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​ရှိ​သည်​ဖြစ်၍၊- ကိုယ်​တော်​က၊ လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အာ​ဏာ​ထား​သော​သူ​တို့​ကို​လည်း ကျေး​ဇူး​ရှင်​ဟူ၍ ခေါ်​ဝေါ်​ကြ၏။- သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်၊ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​သော​သူ​ကို ငယ်​သား​ကဲ့​သို့​ဖြစ်​စေ။ အုပ်​စိုး​သော​သူ​ကို​လည်း အ​စေ​ခံ​ကဲ့​သို့​ဖြစ်​စေ။- အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သ​လော။ လုပ်​ကျွေး​သော​သူ​သည် ကြီး​မြတ်​သ​လော။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ငါ​သည် သင်​တို့​တွင် လုပ်​ကျွေး​သော​သူ​ကဲ့​သို့​ဖြစ်၏။- ငါ​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​စဉ်​တွင် သင်​တို့​သည် ငါ၌​မှီ​ဝဲ​သော​သူ​ဖြစ်​ရာ၏။- ငါ့​ခ​မည်း​တော်​သည် ငါ့​အား နိုင်​ငံ​ကို ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊- သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။