YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:14-23

ရှင်လုကာ 22:14-23 JBMLE

အ​ချိန်​ရောက်​မှ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ စား​ပွဲ၌ လျောင်း​တော်​မူ၍၊- ငါ​သည် အ​သေ​မ​ခံ​မီ ဤ​ပ​သ​ခါ​ပွဲ​ကို သင်​တို့​နှင့်​အ​တူ စား​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​လေ​ပြီ။- ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်၌ ပ​သ​ခါ​ပွဲ​မ​ပြည့်​စုံ​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ ဤ​ပွဲ​ကို တစ်​ဖန် ငါ​မ​စား​ရ​ဟု မိန့်​တော်​မူ​လျက်၊- ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။- ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။- သို့​သော်​လည်း ငါ့​ကို အပ်​နှံ​သော​သူ၏​လက်​သည် ဤ​စား​ပွဲ​ပေါ်​မှာ ငါ့​လက်​နှင့်​အ​တူ​ရှိ၏။- ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။