YouVersion Logo
Search Icon

ရှင်လုကာ 22:1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38

ရှင်လုကာ 22:1 JBMLE

ပ​သ​ခါ​အ​မည်​ရှိ​သော အ​ဇု​မ​ပွဲ​ခံ​ခါ​နီး​တွင်၊

ရှင်လုကာ 22:2 JBMLE

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။

ရှင်လုကာ 22:3 JBMLE

ထို​အ​ခါ စာ​တန်​သည် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​အ​ထဲ​သို့ ဝင်​သည်​ဖြစ်၍၊

ရှင်လုကာ 22:4 JBMLE

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ၊ ဗိ​မာန်​တော်​မှူး​များ​တို့​ထံ​သို့ သွား​ပြီး​လျှင်၊ ယေ​ရှု​ကို အ​ဘယ်​သို့ အပ်​ရ​မည်​နည်း​ဟူ၍ တိုင်​ပင်​လေ၏။

ရှင်လုကာ 22:5 JBMLE

ထို​သူ​တို့​သည် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။

ရှင်လုကာ 22:6 JBMLE

ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ဝန်​ခံ​ပြီး​မှ လူ​များ​မ​ရှိ​စဉ်​တွင် ကိုယ်​တော်​ကို အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။

ရှင်လုကာ 22:7 JBMLE

ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ရ​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​နေ့ ရောက်​သော​အ​ခါ၊

ရှင်လုကာ 22:8 JBMLE

ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။

ရှင်လုကာ 22:9 JBMLE

သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊

ရှင်လုကာ 22:10 JBMLE

ကိုယ်​တော်​က၊ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍ သူ​ဝင်​သော​အိမ်​သို့​ဝင်​ပြီး​မှ၊

ရှင်လုကာ 22:11 JBMLE

ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။

ရှင်လုကာ 22:12 JBMLE

ထို​သူ​သည် ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:13 JBMLE

တ​ပည့်​တော်​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​လျှင်၊ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။

ရှင်လုကာ 22:14 JBMLE

အ​ချိန်​ရောက်​မှ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ စား​ပွဲ၌ လျောင်း​တော်​မူ၍၊

ရှင်လုကာ 22:15 JBMLE

ငါ​သည် အ​သေ​မ​ခံ​မီ ဤ​ပ​သ​ခါ​ပွဲ​ကို သင်​တို့​နှင့်​အ​တူ စား​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​လေ​ပြီ။

ရှင်လုကာ 22:16 JBMLE

ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်၌ ပ​သ​ခါ​ပွဲ​မ​ပြည့်​စုံ​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ ဤ​ပွဲ​ကို တစ်​ဖန် ငါ​မ​စား​ရ​ဟု မိန့်​တော်​မူ​လျက်၊

ရှင်လုကာ 22:17 JBMLE

ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။

ရှင်လုကာ 22:18 JBMLE

ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:19 JBMLE

ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:20 JBMLE

ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။

ရှင်လုကာ 22:21 JBMLE

သို့​သော်​လည်း ငါ့​ကို အပ်​နှံ​သော​သူ၏​လက်​သည် ဤ​စား​ပွဲ​ပေါ်​မှာ ငါ့​လက်​နှင့်​အ​တူ​ရှိ၏။

ရှင်လုကာ 22:23 JBMLE

တ​ပည့်​တော်​တို့​သည်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ၏။

ရှင်လုကာ 22:24 JBMLE

ထို​မှ​တစ်​ပါး တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​ရှိ​သည်​ဖြစ်၍၊

ရှင်လုကာ 22:25 JBMLE

ကိုယ်​တော်​က၊ လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အာ​ဏာ​ထား​သော​သူ​တို့​ကို​လည်း ကျေး​ဇူး​ရှင်​ဟူ၍ ခေါ်​ဝေါ်​ကြ၏။

ရှင်လုကာ 22:26 JBMLE

သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်၊ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​သော​သူ​ကို ငယ်​သား​ကဲ့​သို့​ဖြစ်​စေ။ အုပ်​စိုး​သော​သူ​ကို​လည်း အ​စေ​ခံ​ကဲ့​သို့​ဖြစ်​စေ။

ရှင်လုကာ 22:27 JBMLE

အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သ​လော။ လုပ်​ကျွေး​သော​သူ​သည် ကြီး​မြတ်​သ​လော။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ငါ​သည် သင်​တို့​တွင် လုပ်​ကျွေး​သော​သူ​ကဲ့​သို့​ဖြစ်၏။

ရှင်လုကာ 22:28 JBMLE

ငါ​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​စဉ်​တွင် သင်​တို့​သည် ငါ၌​မှီ​ဝဲ​သော​သူ​ဖြစ်​ရာ၏။

ရှင်လုကာ 22:29 JBMLE

ငါ့​ခ​မည်း​တော်​သည် ငါ့​အား နိုင်​ငံ​ကို ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊

ရှင်လုကာ 22:30 JBMLE

သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:31 JBMLE

တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊

ရှင်လုကာ 22:32 JBMLE

သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊

ရှင်လုကာ 22:33 JBMLE

ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊

ရှင်လုကာ 22:34 JBMLE

သ​ခင်​ဘု​ရား​က၊ ပေ​တ​ရု၊ ငါ​ဆို​သည်​ကား၊ ယ​နေ့​တွင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​မြောက်​အောင် ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:35 JBMLE

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊

ရှင်လုကာ 22:36 JBMLE

ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ လွယ်​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ ဓား​မ​ရှိ​သော​သူ​သည် အ​ဝတ်​ကို​ရောင်း၍ ဓား​ကို​ဝယ်​စေ။

ရှင်လုကာ 22:37 JBMLE

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 22:38 JBMLE

ထို​သူ​တို့​က​လည်း၊ သ​ခင်၊ ဓား​နှစ်​စင်း​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ တန်​ပြီ​ဟု မိန့်​တော်​မူ၏။