YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:25-32

ရှင်လုကာ 2:25-32 JBMLE

ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊- သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။- ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊- ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊- ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။