YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:15-20

ရှင်လုကာ 2:15-20 JBMLE

ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။- သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။- သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။