YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:10-14

ရှင်လုကာ 2:10-14 JBMLE

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။

​ရှင်လုကာ 2:10-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။