YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:1-20

ရှင်လုကာ 2:1-20 JBMLE

ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။- ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။- လူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်​ခြင်း​ငှာ အ​သီး​အ​သီး မိ​မိ​တို့​မြို့​ရွာ​သို့ သွား​ကြ၏။- ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​ဖြစ်၍၊ ထိမ်း​မြား​ဆောင်​နှင်း​သော မ​ယား​မာ​ရိ​နှင့်​အ​တူ စာ​ရင်း​ဝင်​ခြင်း​ငှာ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ ယု​ဒ​ပြည်​တွင် ဗက်​လင်​အ​မည်​ရှိ​သော ဒါ​ဝိဒ်၏​မြို့​သို့ သွား၏။ ထို​အ​ခါ မာ​ရိ​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၏။- ဗက်​လင်​မြို့၌​ရှိ​နေ​စဉ်၊ ဖွား​အံ့​သော နေ့​လ​စေ့​လျှင်၊- သား​ဦး​ကို​ဖွား​မြင်၍ အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​မှ၊ ဧည့်​သည်​တည်း​ရာ​ဇ​ရပ်၌ သူ​တို့​နေ​စ​ရာ​မ​ရှိ​သော​ကြောင့်၊ သူ​ငယ်​ကို နွား​စား​ခွက်၌ သိပ်​ထား​လေ၏။ ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊- ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။- သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။- သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။

​ရှင်လုကာ 2:1-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။