YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:41-44

ရှင်လုကာ 19:41-44 JBMLE

ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊- အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊- သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။