YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:28-48

ရှင်လုကာ 19:28-48 JBMLE

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။- ထို​သို့ စေ​လွှတ်​သော​သူ​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​ကြ၏။- မြည်း​ကြိုး​ကို ဖြည်​စဉ်​တွင် မြည်း​ရှင်​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု​ဆို​လျှင်၊- သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ၏။ ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို ဆောင်​ခဲ့၍၊- မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။- ခ​ရီး​သွား​တော်​မူ​စဉ်​တွင် လူ​များ​တို့​သည် မိ​မိ​တို့ အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။- သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊- ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊- အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊- သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်​လျက်၊- ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​သည် နေ့​တိုင်း​ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ ရှာ​ကြ​သော်​လည်း၊- လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။