ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတစ်ယောက် ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။- ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။- ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။- ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊- ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။- ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။- ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။- ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။- လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။
ရှင်လုကာ 19 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 19:2-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ