YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:1-10

ရှင်လုကာ 19:1-10 JBMLE

ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။- ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။- ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။- ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။- ထို​အ​ရပ်​သို့ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ မျှော်​ကြည့်၍ ထို​သူ​ကို မြင်​တော်​မူ​လျှင်၊- ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။- ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။- လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။