YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:35-43

ရှင်လုကာ 18:35-43 JBMLE

ယေ​ရိ​ခေါ​မြို့​အ​နီး၌ ရှိ​တော်​မူ​စဉ်​တွင်၊ လူ​ကန်း​တစ်​ယောက်​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- ထို​လူ​ကန်း​သည် လမ်း၌ လူ​များ​သွား​သံ​ကို ကြား​လျှင် အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု​မေး၏။- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကြွ​သွား​ကြောင်း​ကို သူ​တစ်​ပါး​ပြော​လျှင်၊- ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ ရှေ့​တော်၌ သွား​သော​သူ​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ​လေ၏။- ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ လူ​ကန်း​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပြီး​မှ၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ မျက်​စိ​မြင်​စေ။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် နောက်​တော်​သို့ လိုက်​လေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​ကြ၏။

​ရှင်လုကာ 18:35-43 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။