YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:15-30

ရှင်လုကာ 18:15-30 JBMLE

ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့်​တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ကို တ​ပည့်​တော်​တို့​သည် မြင်​လျှင် အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​သည် ထို​သူ​ငယ်​တို့​ကို ခေါ်​တော်​မူ၍ ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့ မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု မိန့်​တော်​မူ၏။ အ​ရာ​ရှိ​တစ်​ယောက်​က၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ငါ့​ကို ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။- သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​သည်​ကို ယေ​ရှု​သည်​ကြား​လျှင် သင်​သည် တစ်​ခု​လို​သေး၏။- ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။ ထို​သို့ စိတ်​မ​သာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။- ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။- ကြား​သော​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။- ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကြောင့်၊ အိမ်​ရာ၊ မိ​ဘ၊ ညီ​အစ်​ကို၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို စွန့်၏။- ထို​သူ​သည် ယ​ခု​ကာ​လ၌ အ​ဆ​များ​စွာ​သော အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 18:15-30 အကြောင်း ဗီဒီယိုများ