YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 18:1-5

ရှင်လုကာ 18:1-5 JBMLE

လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊- မြို့​တစ်​မြို့၌ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော တ​ရား​သူ​ကြီး​တစ်​ယောက်​ရှိ၏။- ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် တ​ရား​သူ​ကြီး​ထံ​သို့​သွား၍၊ ကျွန်​မ​ရန်​ဘက်​ကို လက်​စား​ချေ​လောက်​အောင် အ​ပြစ်​အ​လျောက်​ဒဏ် စီ​ရင်​ပါ​ဟု တောင်း​ပန်​သော်​လည်း၊- တ​ရား​မ​စီ​ရင်​ဘဲ ကြာ​မြင့်​စွာ​နေ၏။ ထို​နောက် တ​ရား​သူ​ကြီး​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော​သူ ဖြစ်​သော်​လည်း၊- ဤ​မု​ဆိုး​မ​သည် ငါ့​ကို​နှောင့်​ယှက်​သော​ကြောင့် သူ့​ဘက်၌ တ​ရား​စီ​ရင်​မည်။ သို့​မ​ဟုတ် အ​စဉ်​လာ၍ ငါ့​ကို ပင်​ပန်း​စေ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ၏။

​ရှင်လုကာ 18:1-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။