YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 16:22-25

ရှင်လုကာ 16:22-25 JBMLE

တစ်​နေ့​သ၌ ထို​ဆင်း​ရဲ​သား​သည် သေ​လွန်၍၊ ကောင်း​ကင်​တ​မန်​တို့​သည် အာ​ဗြ​ဟံ၏​ရင်​ခွင်​သို့ ပို့​ဆောင်​ကြ၏။ သူ​ဌေး​သည်​လည်း သေ​လွန်၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။- မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊- အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။