YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 15:1-10

ရှင်လုကာ 15:1-10 JBMLE

အ​ခွန်​ခံ​သော​သူ​တို့​နှင့် ဆိုး​သော​သူ​အ​ပေါင်း​တို့​သည် နား​ထောင်​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​သည်​ဖြစ်၍၊- ဖာ​ရိ​ရှဲ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် ဆိုး​သော​သူ​တို့​ကို​လက်​ခံ၍ သူ​တို့​နှင့်​အ​တူ စား​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။- ထို​အ​ခါ ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ၌ သိုး​တစ်​ရာ​ရှိ၍၊- သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။- တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊- မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ အ​ဆွေ​ခင်​ပွန်း အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​သိုး​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည် မ​ဟုတ်​လော။- ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။ တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။- တွေ့​ပြီး​လျှင် အ​ဆွေ​ခင်​ပွန်း​အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​ငွေ​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည်​မ​ဟုတ်​လော။- ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

​ရှင်လုကာ 15:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။