ရှင်လုကာ 15:1, 2, 3, 4, 5, 6, 7, 8, 9, 10
ရှင်လုကာ 15:1 JBMLE
အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊
ရှင်လုကာ 15:2 JBMLE
ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
ရှင်လုကာ 15:3 JBMLE
ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ သိုးတစ်ရာရှိ၍၊
ရှင်လုကာ 15:4 JBMLE
သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။
ရှင်လုကာ 15:5 JBMLE
တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
ရှင်လုကာ 15:6 JBMLE
မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
ရှင်လုကာ 15:7 JBMLE
ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
ရှင်လုကာ 15:8 JBMLE
တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။
ရှင်လုကာ 15:9 JBMLE
တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။
ရှင်လုကာ 15:10 JBMLE
ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။