YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:12-14

ရှင်လုကာ 14:12-14 JBMLE

ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။- သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။- ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။