တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။- ရေဖျဉ်းနာစွဲသော သူတစ်ယောက်သည် ရှေ့တော်၌ရှိ၏။- ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။- ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင်၊- ထိုသူတို့သည် စကားတစ်ခွန်းကိုမျှ မပြန်နိုင်ကြ။ ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- သူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဖိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊- သင်တို့နှစ်ယောက်ကို ခေါ်ဖိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။- သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ်လော့။- ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၏။ စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊
ရှင်လုကာ 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 14:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ