YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:22-30

ရှင်လုကာ 13:22-30 JBMLE

ထို​အ​ခါ ယေ​ရှု​သည် မြို့​ရွာ​တို့​ကို ဒေ​သ​စာ​ရီ​လှည့်​လည်​လျက်၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- လူ​တစ်​ဦး​က​လည်း၊ သ​ခင်၊ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် များ​သ​လော၊ နည်း​သ​လော​ဟု မေး​လျှောက်​လျှင်၊- ကျဉ်း​မြောင်း​သော​တံ​ခါး​ဝ​ကို ဝင်​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​များ​သော​သူ​တို့​သည် ဝင်​ခြင်း​ငှာ​အ​လို​ရှိ​သော်​လည်း မ​စွမ်း​နိုင်​ကြ​ဟု ငါ​ဆို၏။- အိမ်​ရှင်​သည် တစ်​ခါ​ထ၍ တံ​ခါး​ကို ပိတ်​ပြီး​မှ၊ သင်​တို့​သည် ပြင်၌​ရပ်၍ တံ​ခါး​ကို​ခေါက်​လျက်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​ဖွင့်​ပါ​ဟု တောင်း​လျှောက်​သော်​လည်း၊ သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လိမ့်​မည်။- ထို​အ​ခါ သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ထံ​တော်၌ စား​သောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​နေ​သော မြို့​ရွာ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ​ဟု လျှောက်​ပြန်​သော်​လည်း၊- သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ငါ​ဆို​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ​ဟု ပြော​လိမ့်​မည်၊ ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​သို့ ဝင်၍၊ သင်​တို့​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း ရှိ​လ​တ္တံ့။- ထို​အ​ခါ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​က​လာ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​တွင် လျောင်း​ရ​ကြ​လ​တ္တံ့။- နောက်​ကျ​သော​သူ အ​ချို့​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ အ​ချို့​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။