YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:1-5

ရှင်လုကာ 13:1-5 JBMLE

ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။- ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

​ရှင်လုကာ 13:1-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။