YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:1-12

ရှင်လုကာ 12:1-12 JBMLE

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။- ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။- မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။ ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။- စာ​ငှက်​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ ထို​စာ​ငှက်​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင် မေ့​လျော့​တော်​မ​မူ။- သင်​တို့ ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။ ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍​မြတ်​ကြ၏။ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို ရ​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို မ​ရ​နိုင်​ရာ။- သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- အ​ကြောင်း​မူ​ကား၊ ထို​ခ​ဏ​ချင်း​တွင် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​ကြံ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 12:1-12 အကြောင်း ဗီဒီယိုများ