YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:5-10

ရှင်လုကာ 11:5-10 JBMLE

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​ဆွေ​ခင်​ပွန်း​ရှိ​သည်​ဖြစ်၍၊ သန်း​ခေါင်​အ​ချိန်​တွင် ထို​အ​ဆွေ​ခင်​ပွန်း၏ အိမ်​သို့​သွား​ပြီး​လျှင်၊ အ​ဆွေ၊- အ​ကျွန်ုပ် အဆွေခင်ပွန်း​တစ်​ယောက်​သည် ခ​ရီး​မှ​လာ၍ အ​ကျွန်ုပ်​ထံ​သို့​ရောက်​ပါ​ပြီ။ သူ့​ကို ကျွေး​စ​ရာ​မ​ရှိ​သော​ကြောင့် မုန့်​သုံး​လုံး​ချေး​နှင့်​ပါ​ဟု ဆို​သော်၊- အိမ်​ရှင်​က​လည်း၊ ငါ့​ကို​မ​နှောင့်​ယှက်​နှင့်။ တံ​ခါး​ပိတ်​လျက်​ရှိ၏။ ငါ့​သား​သ​မီး​တို့​သည် ငါ​နှင့် အိပ်​လျက်​ရှိ​ကြ၏။ ငါ​ထ၍ သင့်​အား​မ​ပေး​နိုင်​ဟု အိမ်​ထဲ​က ပြန်​ပြော​သည်​အ​ရာ​မှာ၊- ငါ​ဆို​သည်​ကား၊ အ​ဆွေ​ခင်​ပွန်း​ဖြစ်​သည်​ကို​ထောက်၍ မ​ထ၊ မ​ပေး​သော်​လည်း၊ အား​မ​လျော့​ဘဲ တောင်း၍​နေ​သော​ကြောင့် ထ၍​လို​ချင်​သ​မျှ​ကို ပေး​လိမ့်​မည်။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။- တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။

​ရှင်လုကာ 11:5-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။