YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:33-36

ရှင်လုကာ 11:33-36 JBMLE

ဆီ​မီး​ထွန်း၍ ကွယ်​ရာ၌​ဖုံး​ထား​လေ့​မ​ရှိ။ တောင်း​ဇ​လား​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​လာ​သော​သူ​သည် အ​လင်း​ကို​ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ကိုယ်၏​ဆီ​မီး​ကား၊ မျက်​စိ​တည်း။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​သော​အ​ခါ တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။ မျက်​စိ​မြှေး​ယှက်​သော​အ​ခါ တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။- ကိုယ်၌​ရှိ​သော​အ​လင်း​ကို မှောင်​မိုက်​မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​လော့။- အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။