YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:38-40

ရှင်လုကာ 10:38-40 JBMLE

ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့် ခ​ရီး​သွား​ကြ​စဉ် ရွာ​တစ်​ရွာ​သို့​ဝင်​သော်၊ မာ​သ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ဦး​သည် မိ​မိ​အိမ်၌ ကိုယ်​တော်​ကို​ဧည့်​ခံ​လေ၏။- ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။- မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊